မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
လုကာ 24:4 - Common Language Bible ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။- Garrad Bible ထို အ ခြင်း အ ရာ ကြောင့် စိတ် ရှုပ် ထွေး လျက် ရှိ နေ ကြ စဉ် တောက် ပ သော ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး တို့ သည် ထင် ရှား ပြီး လျှင်၊ Judson Bible ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။ မြန်မာ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- |
မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။-
အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-
ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။-
ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။