ရှင်မာကု 16:5 - Common Language Bible5 သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ဂူ တော် တွင်း သို့ ဝင် ကြ သော် ယာ ဘက် တွင် ထိုင် လျက် ဖွဲ့ ဖြူ ဝတ် လုံ ဆင် ယင် သော ပျို ရွယ် သူ တစ် ပါး ကို မြင်၍ အံ့ အား သင့် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible5 မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တစ်ယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ်လျက် လက်ယာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ5 မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တစ်ယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ်လျက် လက်ယာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူက``အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည်အသိပညာကိုရရှိနိုင်မည် အကြောင်း မိမိကိုယ်ကိုနှိမ့်ချရန် ဦးစွာ ပထမစိတ်ပိုင်းဖြတ်လိုက်သည့်နေ့မှစ ၍ဘုရားသခင်သည် သင်၏ဆုတောင်းပတ္ထ နာကိုကြားတော်မူပြီ။ သင်၏လျှောက် ထားချက်ကိုဖြေကြားရန်ငါ့ကိုစေ လွှတ်တော်မူလိုက်၏။-