ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-
လုကာ 2:7 - Common Language Bible ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။ Garrad Bible စ ရပ် တွင် နေ ရာ လပ် မ ရှိ သော ကြောင့် အ နှီး နှင့် ပတ် လျက် နွား စား ခွက် တွင် သိပ် ထား ရ ၏။ Judson Bible သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားဦးကို မွေးဖွားလေ၏။ တည်းခိုခန်းတွင် သူတို့အတွက် တည်းခိုရန် နေရာမရှိသောကြောင့် မာရိသည် သူငယ်ကို အနှီးနှင့်ရစ်ပတ်၍ နွားစားခွက်၌ သိပ်ထားလေ၏။ မြန်မာ သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ |
ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-
အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
လမ်းခရီးတို့တွင်စခန်းချရာတစ်နေရာ၌ ထာဝရဘုရားသည်မောရှေနှင့်တွေ့ဆုံ၍ သူ့အားအဆုံးစီရင်ရန်ပြုတော်မူ၏။-
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။
သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။-
ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။