အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
လုကာ 16:2 - Common Language Bible သူဌေးသည်သူ့ကိုခေါ်၍ `သင့်အကြောင်းငါကြား ရသည်မှာအသို့နည်း။ သင်၏လုပ်ငန်းနှင့်ဆိုင်သော ငွေစာရင်းများကိုတင်ပြလော့။ သင်သည်ဆက်၍ ငါ၏မန်နေဂျာလုပ်ရတော့မည်မဟုတ်' ဟုဆို၏။- Garrad Bible သူ ဌေး ခေါ်၍ သင့် အ ကြောင်း ငါ ကြား ရ သည် ကား အ သို့ နည်း။ ဘ ဏ္ဍာ စိုး ရာ ထူး နှင့် ဆိုင် သော ငွေ စာ ရင်း ကို ရှင်း ပြ လော့။ ဆက် လက်၍ ဘ ဏ္ဍာ စိုး မ လုပ် ရ ဟု ဆို၏။ Judson Bible သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။ မြန်မာ သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- |
အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။-
တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။-
မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။-
သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-
ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။
ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။-
အချို့သောသူတို့၏အပြစ်ဒုစရိုက်များသည် သိသာထင်ရှား၏။ သူတို့၏အြုပစ်များသည် တရားခွင်သို့အလျင်သွားတတ်၏။ အချို့သော သူတို့၏အပြစ်ဒုစရိုက်များမူကားနောင် အခါမှသိသာထင်ရှား၍လာတတ်၏။-
သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။-
ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။-
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-