ကွန်တော်မျိုးသည်ပောက်သွားသောသိုးကဲ့သို့ လမ်းမှားလက်ရှိပါ၏။ သို့ဖြစ်၍ကြွတော်မူလက်ကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအား ရှာတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုမမေ့မလော့ပါ။
လုကာ 15:4 - Common Language Bible ``သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် သိုးအကောင်တစ်ရာရှိ၍တစ်ကောင်ပျောက် လျှင်မည်သို့ပြုမည်နည်း။ သူသည်ကျန်ကိုးဆယ့် ကိုးကောင်ကိုစားကျက်တွင်ထားခဲ့၍ ပျောက် သောသိုးကိုမတွေ့မချင်းရှာမည်မဟုတ် လော။- Garrad Bible သင် တို့ တွင် တစ် ယောက် ယောက် သည် သိုး တစ် ရာ ရှိ၍ တစ် ကောင် ပျောက် သွား လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တော တွင် ထား ခဲ့ ပြီး သော် ပျောက် သော သိုး ကို မ တွေ့ မ ချင်း မ လိုက် ဘဲ မည် သူ နေ အံ့ နည်း။ Judson Bible သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ထဲမှ တစ်စုံတစ်ဦး၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည်ပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောကန္တာရ၌ထားခဲ့၍ ပျောက်ဆုံးသောသိုးကိုမတွေ့မချင်းလိုက်ရှာမည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးတွင် သိုးအကောင်တစ်ရာရှိရာ ထိုသိုးများအနက် တစ်ကောင်ပျောက်ဆုံးသွားပါက အခြားသောသိုး ကိုးဆယ့်ကိုးကောင်ကို စားကျက်တွင် ထားခဲ့ပြီးလျှင် ပျောက်သောသိုးတစ်ကောင်ကို တွေ့သည်တိုင်အောင် ရှာမည်မဟုတ်လော။ မြန်မာ သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- |
ကွန်တော်မျိုးသည်ပောက်သွားသောသိုးကဲ့သို့ လမ်းမှားလက်ရှိပါ၏။ သို့ဖြစ်၍ကြွတော်မူလက်ကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအား ရှာတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုမမေ့မလော့ပါ။
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။-
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
``ငါ၏သိုးများ၊ ငါကျွေးမွေးပြုစုသည့် သိုးစု၊ သင်တို့သည်ငါ၏လူမျိုးတော်ဖြစ် ၍ငါသည်သင်တို့၏ဘုရားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
ကိုယ်တော်က ``အကယ်၍သင်တို့၏သိုးတစ်ကောင် သည်ဥပုသ်နေ့၌တွင်းထဲသို့ကျသည်ရှိသော် ထို သိုးကိုမဆွဲမတင်ဘဲနေမည့်သူသင်တို့တွင် ရှိပါသလော။-
သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။
သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။