ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
လုကာ 15:1 - Common Language Bible အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။- Garrad Bible အ ခွန် ကောက် နှင့် အ ပြစ် သား ရှိ သ မျှ သည် ကြား နာ ခြင်း ငှာ ကိုယ် တော့် ထံ ချဉ်း ကြ ရာ၊ Judson Bible အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း အခွန်ကောက်ခံသူတို့နှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကိုနားထောင်ရန် အထံတော်သို့ချဉ်းကပ်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွန်ကောက်သူများနှင့် အပြစ်သားများသည် ယေရှု၏သွန်သင်ချက်ကို နားထောင်ရန် ယေရှုအနီးသို့ ချဉ်းကပ်လာကြ၏။ မြန်မာ အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊- |
ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
သင်တို့သည်မိမိတို့အားချစ်သောသူများကိုသာ ချစ်တုံ့ပြန်ပါမူ အဘယ်သို့လျှင်ဘုရားသခင်ထံ တော်မှကောင်းချီးကိုခံစားထိုက်ပါမည်နည်း။ အခွန် ခံသူများပင်လျှင်ဤသို့ပြုကြသည်မဟုတ်လော။-
ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။-
အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-