အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
လုကာ 12:2 - Common Language Bible ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။- Garrad Bible မ ပေါ် နိုင် အောင် ဖုံး ထား သော အ ရာ၊ မ သိ နိုင် အောင် ဝှက် ထား သော အ ရာ မ ရှိ သည် နှင့် အ ညီ၊ Judson Bible ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရလိမ့်မည်။ လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာလိမ့်မည်။ မြန်မာ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။- |
အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
သူတို့ပြုသမျှသောအမှုတို့ကိုငါမြင် ၏။ ငါမမြင်သည့်အရာတစ်စုံတစ်ခုမျှ မရှိ။ သူတို့၏အပြစ်များသည်ငါ၏ မြင်ကွင်းနှင့်မလွတ်။-
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။-
``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။