ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
လုကာ 11:7 - Common Language Bible အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။- Garrad Bible အိမ် တွင် ရှိ သူ က ကျွန်ုပ် ကို ဒု က္ခ မ ရှာ ပါ နှင့်။ တံ ခါး ပိတ် ထား ပါ ပြီ။ သား သ မီး တို့ လည်း ကျွန်ုပ် နှင့် တ ကွ အိပ် လျက် ရှိ ကြ သ ဖြင့် ထ၍ မ ပေး နိုင် ဟု အ ကယ် ဆို ခဲ့ လျှင်၊ Judson Bible အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက ‘ငါ့ကို မနှောင့်ယှက်ပါနှင့်။ အိမ်တံခါးကို ပိတ်ထားပြီ။ ငါ၏သားသမီးများနှင့် ငါသည်လည်း အိပ်ရာဝင်ကြပြီ။ ထို့ကြောင့် ငါထ၍ သင့်အား မပေးနိုင်ပါ’ ဟူ၍ အိမ်အထဲမှ ပြန်ဖြေလိမ့်မည်။ မြန်မာ အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊- |
ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။
အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။