သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
လုကာ 11:41 - Common Language Bible သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။'' Garrad Bible ထည့် ထား ရာ များ ကို စွန့် ကြဲ ပေး ကမ်း ကြ လော့။ သို့ ပြု လျှင် သင် တို့ သုံး သော အ ရာ ရာ သည် စင် ကြယ် လေ ပြီ။ Judson Bible သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။ မြန်မာ သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။- |
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
``ထိုမှတစ်ပါးသင်တို့အားငါဆိုသည်ကား လောကစည်းစိမ်ချမ်းသာအားဖြင့်မိတ်ဆွေ များရအောင်ပြုကြလော့။ သို့မှသာထိုစည်း စိမ်ချမ်းသာကုန်ဆုံးသောအခါသင်တို့အား ထာဝရအိမ်တော်တွင်ကြိုဆိုလက်ခံလိမ့် မည်။-
ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။-
တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။