ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
လုကာ 10:7 - Common Language Bible သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။- Garrad Bible တစ် အိမ် မှ တစ် အိမ် သို့ မ ရွှေ့ ပြောင်း ဘဲ ထို အိမ်၌ သာ တည်း ခို လျက် တည် သ မျှ ကို စား သောက် ကြ လော့။ လုပ် သား သည် အ ခ ကို ရ ထိုက်၏။ Judson Bible သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။ မြန်မာ သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- |
ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။-
ထိုအိမ်တွင်ငြိမ်သက်မှုကိုလိုလားသူရှိလျှင် သင်တို့ပို့သသည့်မေတ္တာကိုထိုသူခံစားရ လိမ့်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှ မရှိပါမူသင်တို့ပို့သည့်မေတ္တာသည်သင်တို့ ၏ထံသို့ပြန်လာလိမ့်မည်။-
မည်သည့်အိမ်မဆိုသင်တို့ကိုဝင်ခွင့်ပြုလျှင် မြို့မှထွက်ခွာသည်တိုင်အောင်ထိုအိမ်မှာပင် တည်းခိုကြလော့။-
သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။
သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။-
ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-