ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
ရှင်ယောဟန် 9:12 - Common Language Bible လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။ Garrad Bible ထိုသူအဘယ်မှာနည်းဟုမေးကြသော် ကျွန်တော်မသိပါဟုပြန်ဆို၏။ Judson Bible လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြသော် သူက “အကျွန်ုပ်မသိပါ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “ထိုသူသည် အဘယ်မှာ ရှိသနည်း” ဟု မေးကြသော် ထိုသူက “ကျွန်ုပ်မသိပါ” ဟု ဆို၏။ မြန်မာ လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ |
ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။
လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။-