ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
ရှင်ယောဟန် 8:27 - Common Language Bible ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။- Garrad Bible ခမည်းတော့်အကြောင်းမိန့်တော်မူသည်ကို ထိုသူတို့မသိမမြင်ကြသောကြောင့်၊ Judson Bible ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ခမည်းတော်ကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို ထိုသူတို့သည် နားမလည်ကြ။ မြန်မာ ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။- |
ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
ဤသို့ဖြင့်ကိုယ်တော်သည်ငါ့အားထိုသူတို့ထံသို့စေလွှတ်ပြီးလျှင်``သူတို့အား`သင်တို့သည်ထပ်ကာထပ်ကာနားထောင်သော်လည်းနားလည်လိမ့်မည်မဟုတ်။ ထပ်ကာထပ်ကာကြည့်သော်လည်းအဖြစ်အပျက်ကိုသိလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။-
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။