ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
ရှင်ယောဟန် 7:38 - Common Language Bible ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။- Garrad Bible ငါ့ကိုယုံကြည်သောသူသည် ကျမ်းဆိုရှိသည့်အတိုင်း သူ့ကိုယ်မှအသက်မြစ်ရေအဖြာဖြာ ထွက်စီးလိမ့်မည်ဟုကြွေးကြော်တော်မူ၏။ Judson Bible ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ပါရှိသည့်အတိုင်း ငါ့ကို ယုံကြည်သောသူ၏ စိတ်နှလုံးအထဲမှ အသက်စမ်းရေ စီးထွက်လိမ့်မည်” ဟု ကြွေးကြော်တော်မူ၏။ မြန်မာ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- |
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
ရေကောင်းရေသန့်သည်ရေငတ်သူတို့အား ရွှင်ပြစေသကဲ့သို့ ဘုရားသခင်၏လူမျိုးတော်သည်၊ ကိုယ်တော်ကယ်တင်တော်မူသောအခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။
ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့မှစမ်းရေများစီးဆင်း၍ လာလိမ့်မည်။ ထိုရေ၏တစ်ဝက်သည်ပင်လယ် သေထဲသို့လည်းကောင်း၊ အခြားတစ်ဝက်သည် မြေထဲပင်လယ်ထဲသို့လည်းကောင်း တစ်နှစ် ပတ်လုံးဆောင်းရောနွေပါစီးဆင်းသွားလိမ့် မည်။-
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''