ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
ရှင်ယောဟန် 6:68 - Common Language Bible ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။- Garrad Bible ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊ Judson Bible ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။ မြန်မာ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- |
ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြသနည်း'' ဟုမေးတော် မူ၏။ ပေတရုက ``အရှင်သည်ဘုရားသခင်စေလွှတ် တော်မူသည့်မေရှိယဖြစ်ပါသည်'' ဟုဖြေဆို လျှောက်ထား၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။''
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
(ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-