အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
ရှင်ယောဟန် 6:44 - Common Language Bible ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။- Garrad Bible ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။ Judson Bible ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲငင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကို နောက်ဆုံးသောနေ့၌ ငါသည်ထမြောက်စေမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို စေလွှတ်တော်မူသောခမည်းတော် ဆွဲခေါ်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်။ ငါ့ထံသို့ လာသောသူကို နောက်ဆုံးသောနေ့တွင် သေရာမှ ငါထမြောက်စေမည်။ မြန်မာ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- |
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-
ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။-
သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။-
ဆက်လက်၍ကိုယ်တော်က ``ဤအကြောင်း ကြောင့်ခမည်းတော်အခွင့်ပေးတော်မမူ လျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင် ဟုသင်တို့အားငါဆိုခဲ့ပြီ'' ဟူ၍မိန့် တော်မူ၏။
ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။-
သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။