ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
ရှင်ယောဟန် 6:42 - Common Language Bible သူတို့က ``ဤသူသည်ယောသပ်၏သားယေရှု မဟုတ်ပါလော။ သူ့မိဘများကိုငါတို့သိသည် မဟုတ်ပါလော။ သို့ပါလျက်အဘယ်ကြောင့်`ငါ သည်ကောင်းကင်ဘုံမှဆင်းသက်ခဲ့သည်' ဟုသူ ဆိုဘိသနည်း'' ဟုပြောကြ၏။ Judson Bible ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့်‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဤသူသည် ယောသပ်၏ သား ယေရှုမဟုတ်လော။ သူ၏ မိဘတို့ကို ငါတို့သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူက ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်ပြောဆိုကြ၏။ မြန်မာ ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။- |
ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။-
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။