ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
ရှင်ယောဟန် 6:41 - Common Language Bible ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။- Garrad Bible ငါသည် ကောင်းကင်ဘုံထဲမှ ဆင်းသက်သောအစာဖြစ်သည်ဟု မိန့်တော်မူသောကြောင့် ယုဒလူမျိုးတို့က ဤသူသည်ယောသပ်၏သားယေရှုမဟုတ်လော။ သူ့မိဘကိုငါတို့သိကြသည်မဟုတ်လော။ ကောင်းကင်ဘုံထဲမှ ငါဆင်းသက်ခဲ့သည်ဟူ၍ မည်သို့ယခုပြောသနည်းဟု ကိုယ်တော်နှင့်စပ်၍နှီးနှောပြောဆိုကြသော်၊ Judson Bible ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က မြန်မာ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- |
ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
ဖာရိရှဲများနှင့်သူတို့၏အပေါင်းအဖော်ဖြစ် ကြသောကျမ်းတတ်ဆရာများက ``အဘယ် ကြောင့်သင်တို့သည်အခွန်ခံသူများ၊ အခြား အပယ်ခံသူများနှင့်စားသောက်ကြပါသနည်း'' ဟုတပည့်တော်တို့အားကဲ့ရဲ့ပြစ်တင်ကြ၏။
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ထိုစစ်မှန်သောအစာအာဟာရကားကောင်းကင် ဘုံမှကျဆင်း၍ ကမ္ဘာသူကမ္ဘာသားတို့အား အသက်ပေးသောသူဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။-
လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။