အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
ရှင်ယောဟန် 5:45 - Common Language Bible သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။- Garrad Bible ခမည်းတော်ထံ၌ သင်တို့ကိုငါအပြစ်စွဲဆိုမည်မထင်ကြနှင့်။ အပြစ်စွဲဆိုသူမှာ သင်တို့အားကိုးသော မောရှေပင်တည်း။ Judson Bible ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခမည်းတော်ရှေ့၌ သင်တို့ကိုစွပ်စွဲမည်ဟုမထင်ကြနှင့်။ သင်တို့ကိုစွပ်စွဲသူမှာ သင်တို့မျှော်လင့်အားထားသောမောရှေပင်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော် ရှေ့မှောက်တွင် ငါသည် သင်တို့အား ပြစ်တင်စွပ်စွဲလိမ့်မည်ဟု မထင်ကြနှင့်။ သင်တို့ကို ပြစ်တင်စွပ်စွဲမည့်သူမှာ သင်တို့ ကိုးစားသော မောရှေပင်ဖြစ်၏။ မြန်မာ ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။- |
အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။-
မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။
ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
လူမျိုးခြားတို့၌မောရှေ၏ပညတ်တရား မရှိ။ သူတို့အပြစ်ကူးကြသောအခါဆုံး ပါးပျက်စီးရကြမည်သာဖြစ်၏။ ပညတ် တရားရှိသောယုဒအမျိုးသားတို့အပြစ် ကူးလွန်သည့်အခါ သူတို့သည်ပညတ်တရား ပြဋ္ဌာန်းသည့်အပြစ်ဒဏ်ကိုခံရကြ၏။-
ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-