ရှင်ယောဟန် 5:46 - Common Language Bible46 မောရှေသည်ငါ၏အကြောင်းကိုရေးသား ဖော်ပြခဲ့၏။ ထို့ကြောင့်မောရှေကိုသင်တို့ ယုံလျှင်ငါ့ကိုလည်းယုံကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible46 အသို့ဆိုသော် ငါ့အကြောင်းကိုရေးထားသောမောရှေကိုယုံခဲ့လျှင် ငါ့ကိုယုံကြလေပြီ။ အခန်းကိုကြည့်ပါ။Judson Bible46 သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း46 မောရှေသည် ငါ့အကြောင်းကိုရေးထားသည်ဖြစ်၍ သင်တို့သည် မောရှေကိုယုံကြည်ခဲ့လျှင် ငါ့ကိုလည်း ယုံကြည်ခဲ့ကြပေလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း46 မောရှေသည် ငါ့အကြောင်းကို ရေးသား၏။ ထို့ကြောင့် သင်တို့သည် မောရှေကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ46 သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- အခန်းကိုကြည့်ပါ။ |
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။