ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
ရှင်ယောဟန် 5:3 - Common Language Bible ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။- Garrad Bible ထိုမုတ်ဆောင်များတွင် မျက်မမြင်သူ၊ ခြေဆွံ့သူ၊ အင်္ဂါသေခြောက်သူမှစသောသူနာအမြောက်အမြားတို့သည် ရေလှုပ်ရှားခြင်းကိုစောင့်စားလျက် ပက်လက်နေကြသည်မှာ၊ Judson Bible ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမုခ်များအောက်တွင် ဖျားနာသူ၊ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ လေဖြတ်သူ စသည့်လူနာအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ (သူတို့သည် ရေလှုပ်ရှားချိန်ကို စောင့်နေကြခြင်းဖြစ်၏။ မြန်မာ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။- |
ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။
လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။-
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
(ဘုရားသခင်၏ကောင်းကင်တမန်သည်မကြာ မကြာရေကန်သို့ဆင်းသက်ကာရေကိုလှုပ်ရှား လေ့ရှိသဖြင့် ထိုသူတို့သည်ရေလှုပ်ရှားမည်ကို စောင့်မျှော်လျက်နေကြ၏။ ယင်းသို့ရေလှုပ်ရှား လာပြီးနောက် ဦးစွာပထမရေကန်တွင်းသို့ ဆင်းနိုင်သူသည်ရောဂါပျောက်သွားလေသည်။)-
သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-