Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 11:17 - Common Language Bible

17 တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သိုး ဆိတ် တို့ ကို လက် လွှတ် လျက်၊ အ သုံး မ ဝင် သော အ ထိန်း အ ကျောင်း သည်၊ အ မင်္ဂ လာ ရှိ၏။ သူ့ လက် ရုံး နှင့် ပညာ မျက် စိ သည်၊ ဓား ခုတ် ခံ ရ သ ဖြင့်၊ လက် ရုံး သေ ခြောက် လျက်၊ မျက် စိ လည်း လုံး လုံး ကွယ် လိမ့် မည် ဟု ငါ့ အား မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သိုး​တို့​ကို​ပစ်ထား​သည့် အသုံးမကျ​သော​သိုးထိန်း​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၏​လက်မောင်း​နှင့် သူ​၏​ယာဘက်​မျက်လုံး​သည် ဓား​ထိုး​ခံရ​၍ သူ့​လက်မောင်း​သည် အကြောသေ​ပြီး ယာဘက်​မျက်လုံး​သည် ကွယ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 11:17
28 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​မိုက် တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​ငါ ၏​ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​ကို​မ​ခံ​ရ​ဘဲ မိ​မိ​တို့​ကိုယ်​တိုင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ကို​လုပ်​ကြံ​ဟော​ပြော​ကြ​၏။-


ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-


``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-


ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-


သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။


``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ယု​ဒ​နန်း​တော် သို့​သွား​၍ ဒါ​ဝိဒ်​မင်း​၏​သား​မြေး​များ၊ ယု​ဒ ရှင်​ဘု​ရင်​မင်း​ကြီး​နှင့်​အ​တူ​သူ​၏​မှူး​မတ် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ အား​ပြော​ကြား​ရန် ဤ​သို့​မိန့်​တော်​မူ​သည်​မှာ၊-


ဘု​ရား​အဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် ရုပ်​တု​ကို​သွန်း​လုပ်​မှု​သည်​အ​ကျိုး​မ​ရှိ ပါ​တ​ကား။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-


ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-


ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-


နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-


လူ​တို့​သည်​နတ်​ရုပ်​များ၊ ရုပ်​တု​များ၊ ဗေ​ဒင် ဆ​ရာ​များ​ကို​မေး​မြန်း​စုံ​စမ်း​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​ရ​ရှိ​သည့်​အ​ဖြေ​များ​မှာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည့်​မု​သား​စ​ကား များ​ဖြစ်​၏။ အ​ချို့​သော​သူ​တို့​သည်​အိပ်​မက် များ​ကို​အ​နက်​ဖွင့်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​သင်​တို့​အား​လမ်း​မှား​သို့​သာ​လျှင် ပို့​ဆောင်​ပေး​တတ်​၏။ သူ​တို့​အ​ထဲ​မှ​ရ​ရှိ သည့်​နှစ်​သိမ့်​မှု​မှာ​လည်း​အ​ချည်း​နှီး​သာ လျှင်​ဖြစ်​ပေ​သည်။ ထို့​ကြောင့်​လူ​တို့​သည် လမ်း​လွဲ​သည့်​သိုး​များ​ကဲ့​သို့​လှည့်​လည် သွား​လာ​လျက်​နေ​ရကြ​၏။ ဦး​စီး​ခေါင်း ဆောင်​မ​ရှိ​သ​ဖြင့် ဒုက္ခ​ရောက်​လျက်​ရှိ ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ