သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။
ရှင်ယောဟန် 4:52 - Common Language Bible ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။- Garrad Bible သက်သာချိန်ကို မေးမြန်းသော်၊ ယမန်နေ့ခုနစ်နာရီအချိန် အဖျားကင်းပျောက်ပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊ Judson Bible အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အမတ်က “မည်သည့်အချိန်တွင် စတင်ကျန်းမာလာသနည်း” ဟု မေး၏။ ထိုအခါ သူတို့က “မနေ့က မွန်းလွဲ တစ်နာရီတွင် အဖျားကျသွားပါသည်” ဟု ဖြေကြ၏။ မြန်မာ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- |
သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။
ထိုနောက်ကိုယ်တော်ကစစ်ဗိုလ်အား ``အိမ်သို့ပြန် လော့။ သင်ယုံကြည်သည့်အတိုင်းဖြစ်လိမ့်မည်'' ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူသည့်အချိန်၌ ပင်လျှင်စစ်ဗိုလ်၏အစေခံသည်ရောဂါပျောက် လေ၏။
သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။
ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။