ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
ရှင်ယောဟန် 3:23 - Common Language Bible ရှာလိမ်မြို့အနီးအဲနုန်အရပ်တွင်ရေများစွာ ရှိသဖြင့်ယောဟန်သည်လည်း ဗတ္တိဇံမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည်ယောဟန်ထံ သို့လာ၍ဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။- Garrad Bible ယောဟန်လည်းထောင်မကျသေးမီ၊ ရှာလိမ်မြို့အနီး ရေများသောအဲနုန်အရပ်တွင် ဗတ္တိဇံမင်္ဂလာပေးလျက်ရှိနေရာ ပြည်သူပြည်သားတို့လာ၍ မင်္ဂလာခံကြ၏။ Judson Bible ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်သည်လည်း ရှာလိမ်မြို့အနီး၊ အဲနုန်အရပ်တွင် ရေပေါများသဖြင့် ထိုအရပ်၌ နှစ်ခြင်းမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည် ယောဟန်ထံ လာ၍ နှစ်ခြင်းမင်္ဂလာခံယူကြ၏။ မြန်မာ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။- |
ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ နှင့်အတူ ယုဒကျေးလက်သို့ကြွတော်မူ၏။ ထိုအရပ်တွင်တပည့်တော်တို့နှင့်အတူနေ တော်မူလျက်ဗတ္တိဇံမင်္ဂလာကိုပေးတော်မူ၏။-
သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။-
ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။-
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-