ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
ရှင်ယောဟန် 21:5 - Common Language Bible ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။ သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထိုအခါယေရှုက အမောင်တို့၊ ငါးမရလောဟုမေးတော်မူလျှင် မရဟုပြန်ဆိုကြသော်၊ Judson Bible ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော”ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။ မြန်မာ ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- |
ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။
ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။-
ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-