သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်ယောဟန် 21:1 - Common Language Bible ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။- Garrad Bible ထိုနောက်ယေရှုသည် တိဗေရိအိုင်နားတွင် တပည့်တော်တို့အားတစ်ဖန်ထင်ရှားတော်မူသည့်နည်းဟူမူကား၊ Judson Bible တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။ မြန်မာ တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊- |
သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။-
တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။
ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။
ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။-
ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။-