ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။-
ရှင်ယောဟန် 20:14 - Common Language Bible ဤသို့ဆိုပြီးလျှင်နောက်သို့လှည့်၍ကြည့်ရာ သခင်ယေရှုရပ်လျက်နေတော်မူသည်ကိုမြင် သော်လည်းသခင်ယေရှုဖြစ်သည်ကိုမသိ။- Garrad Bible နောက်သို့လှည့်၍ ယေရှုရပ်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုမှန်းမသိချေ။ Judson Bible ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြေပြီးမှ နောက်သို့ လှည့်ကြည့်ရာ ယေရှုရပ်တော်မူလျက်ရှိသည်ကို မြင်လေ၏။ သို့သော်လည်း ယေရှုဖြစ်တော်မူသည်ကို မာရိမသိချေ။ မြန်မာ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- |
ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။-
ထိုအချိန်၌သခင်ယေရှုသည်သူတို့၏ထံသို့ ရောက်ရှိလာကာ ``သင်တို့သည်မင်္ဂလာရှိပါစေ သော'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးတို့ သည်အထံတော်သို့ချဉ်းကပ်၍ခြေတော်ကို ဖက်ယမ်းလျက်ပျပ်ဝပ်ရှိခိုးကြ၏။-
ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။-
ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။-
နေထွက်လာသောအခါသခင်ယေရှုသည် ကမ်းစပ်တွင်ရပ်လျက်နေတော်မူ၏။ သို့ရာ တွင်တပည့်တော်တို့သည်သခင်ယေရှုဖြစ် မှန်းကိုမသိကြ။-
ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။