သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
ရှင်ယောဟန် 19:2 - Common Language Bible စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊- Garrad Bible စစ်သည်တို့လည်း ဆူးဦးရစ်ရက်၍ ဦးခေါင်းတော်၌တင်ခြင်း၊ ကမ္ပလာနီဆင်ယင်ခြင်း၊ Judson Bible စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း စစ်သားတို့သည်လည်း ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်စေပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း စစ်သားများသည် ဆူးခက်ကို သရဖူအဖြစ် ရစ်ခွေပြီး ယေရှု၏ ဦးခေါင်းတော်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကိုလည်း ခြုံစေကြ၏။ မြန်မာ စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်၊- |
သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။