ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
ရှင်ယောဟန် 18:8 - Common Language Bible သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။- Garrad Bible ယေရှုက ငါပင်ဖြစ်သည်ဟူ၍ငါပြောခဲ့ပြီ။ ငါ့ကိုရှာလျှင် ဤသူတို့သွားကြစေဟု မိန့်တော်မူ၏။ Judson Bible ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ ‘ငါသည် ထိုသူဖြစ်သည်’ ဟု သင်တို့ကို ငါပြောခဲ့ပြီ။ သင်တို့ ရှာသောသူမှာ ငါဖြစ်လျှင် ဤသူတို့သွားပါလေစေ” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- |
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။
(ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။)
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။