ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ရှင်ယောဟန် 18:31 - Common Language Bible ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။ ယုဒအမျိုးသားတို့က ``အကျွန်ုပ်တို့မှာလူ တစ်စုံတစ်ယောက်ကိုသေမိန့်ပေးပိုင်ခွင့်မရှိ ပါ'' ဟုပြန်၍လျှောက်ကြ၏။- Garrad Bible ပိလတ်မင်းကလည်း သူ့ကိုယူ၍ သင်တို့တရားအတိုင်း ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလော့ဟုဆိုရာ၊ ကျွန်တော်တို့သည် မည်သူ့ကိုမျှသေဒဏ်ပေးခွင့်မရှိပါဟု ယုဒလူမျိုးတို့ပြန်လျှောက်ကြ၏။ Judson Bible ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြပါ”ဟု ဆို၏။ ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ မည်သူ့ကိုမျှ ကွပ်မျက်ပိုင်ခွင့်မရှိပါ”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းကလည်း “ဤသို့ဖြစ်လျှင် သူ့ကို ပြန်ခေါ်၍ သင်တို့၏တရားဥပဒေအတိုင်း စီရင်ကြလော့” ဟု ဆို၏။ ဂျူးခေါင်းဆောင်များက “အကျွန်ုပ်တို့သည် မည်သူ့ကိုမျှ သေဒဏ်ပေးပိုင်ခွင့်မရှိပါ” ဟု လျှောက်ကြ၏။ မြန်မာ ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။- |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
(ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။