သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
ရှင်ယောဟန် 18:18 - Common Language Bible ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။ Garrad Bible ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။ Judson Bible ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် အစောင့်တပ်သားများနှင့် အိမ်အစေခံများသည် ချမ်းသဖြင့် မီးခဲဖိုကာ ပတ်လည်၌ ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း ထိုသူတို့နှင့်အတူ ရပ်လျက် မီးလှုံနေ၏။ မြန်မာ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ |
သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။ ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။
သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။
ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။
သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။-
ပေတရုနှင့်ယောဟန်တို့သည်လွတ်မြောက်လာ ကြသောအခါ မိမိတို့၏လူစုထံသို့ပြန်ပြီး လျှင် ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်များပြောကြားလိုက်သမျှတို့ ကိုပြန်ပြောကြ၏။-
သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''