သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
ရှင်ယောဟန် 18:10 - Common Language Bible ရှိမုန်ပေတရုမှာဋ္ဌားတစ်လက်ပါလာ၏။ သူ သည်ဋ္ဌားကိုဆွဲထုတ်၍ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုကျွန်လက် ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏နာမည် ကားမာလခုဖြစ်သတည်း။- Garrad Bible ထိုအခါရှိမုန်ပေတရုသည် ပါသောဓားကိုချွတ်ပြီးလျှင် ပရောဟိတ်မင်း၏ကျွန် မာလခုအမည်ရှိသူကို ခုတ်၍ လကျ်ာနားရွက်ပြတ်သော်၊ Judson Bible ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ရှိမုန်ပေတရုသည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏လက်ယာနားရွက် ပြတ်လေ၏။ ထိုအစေခံ၏ အမည်မှာ မာလခုဖြစ်၏။ မြန်မာ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- |
သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
ထိုအခါအနီးတွင်ရပ်နေသူလူတစ်ဦးသည် ဋ္ဌားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ကျွန် တစ်ယောက်ကိုခုတ်လိုက်ရာထိုသူနားရွက် ပြတ်လေ၏။-
ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။
ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။