ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။
ရှင်ယောဟန် 17:6 - Common Language Bible ``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။- Garrad Bible ဤလောကထဲမှ ပေးအပ်တော်မူသောသူတို့အား နာမတော်ကိုအကျွန်ုပ်ဖော်ပြပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်မှန်လျက် အကျွန်ုပ်အားသနားတော်မူသူများ ဖြစ်သည့်အလျောက် ကိုယ်တော်၏တရားတော်ကိုစောင့်ရှောက်ကြပါပြီ။ Judson Bible ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောကထဲမှ ရွေးကောက်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား ကိုယ်တော်အကြောင်းကို အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်သည် ထိုသူတို့ကို ပိုင်တော်မူ၍ အကျွန်ုပ်အား ပေးအပ်တော်မူပြီ။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို လိုက်နာကြပါပြီ။ မြန်မာ ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြပါ၏။- |
ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။
ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
ထိုနည်းတူစွာငါဟောပြောသောတရား အားဖြင့် ယခုသင်တို့ရှင်းလင်းလျက်ရှိကြ၏။-
သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။-
အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ်သူတို့ ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ၏။ ကျမ်းစာတော် လာသည့်အတိုင်းဖြစ်ပျက်စေရန်ပျက်စီးရ မည့်သူတစ်ဦးမှလွဲ၍ အခြားမည်သူတစ်စုံ တစ်ယောက်မျှပျက်စီးမှုမရှိခဲ့ပါ။-
ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။-
အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ ထိုသူတို့သည်လည်းမသက်ဆိုင် ကြပါ။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။-
အကျွန်ုပ်အပေါ်၌ကိုယ်တော်ရှင်ထားတော်မူ သောမေတ္တာတော်သည်သူတို့၌ကိန်းအောင်း၍ အကျွန်ုပ်သည်လည်းသူတို့၏စိတ်နှလုံးတွင် ကိန်းအောင်းနိုင်စေရန်ကိုယ်တော်အကြောင်း ကိုသူတို့အားအကျွန်ုပ်ကြားသိစေခဲ့ပါ ပြီ။ ဆက်လက်၍လည်းကြားသိစေပါဦးမည်'' ဟုမြွက်ဆိုတော်မူ၏။
အကျွန်ုပ်တွင်ရှိသမျှသောအရာတို့သည် အထံတော်မှရရှိကြောင်းယခုသူတို့သိရှိ ကြပါပြီ။-
(ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။)
ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။-
အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။-
ဘုရားသခင်သည်အစမူလကတည်းက မိမိရွေးကောက်ထားတော်မူသောလူစုတော် ကိုပစ်ပယ်တော်မမူ။ ကျမ်းစာတော်တွင်ဧလိယ သည်ဣသရေလအမျိုးသားတို့ကိုဆန့်ကျင်၍ ဘုရားသခင်ထံလျှောက်ထားသည့်စာပိုဒ်ကို သင်တို့သိကြ၏။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
သခင်ယေရှုက၊ ``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကို အကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။ သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်'' ဟုဘုရားသခင်အားမိန့်တော်မူ၏။-
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-