အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
ရှင်ယောဟန် 16:8 - Common Language Bible ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။- Garrad Bible ထိုအရှင်သည် ကြွရောက်သည့်ကာလ ဤလောကသားတို့ကိုပြစ်မှားခြင်း၊ ဖြောင့်မတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများကြောင့်၊ ယူကျုံးမရဖြစ်စေတော်မူမည်မှာ၊ Judson Bible ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်ရောက်လာသောအခါ လောကီသားတို့အား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်ခြင်းအကြောင်းတို့ကို ဖော်ပြမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်ကြွလာသောအခါ လောကီသားတို့အား အပြစ်ကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ တရားစီရင်ခြင်းကိုလည်းကောင်း ရှင်းလင်းစွာ ဖော်ပြတော်မူလိမ့်မည်။ မြန်မာ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- |
အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
ငါသည်အပြစ်ကူးသူဖြစ်ကြောင်းအဘယ် သူသက်သေပြနိုင်သနည်း။ ငါသည်သစ္စာစကား ကိုပြောဆိုလျှင်အဘယ်ကြောင့်သင်တို့မယုံ ကြသနည်း။-
ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။-
တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။-