ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
ရှင်ယောဟန် 16:25 - Common Language Bible ``ဤအကြောင်းအရာများကို ဥပမာတင်စား ၍ငါပြောခဲ့၏။ ဤသို့ဥပမာမတင်စားဘဲ ခမည်းတော်၏အကြောင်းကိုပွင့်လင်းစွာ ငါ ဖော်ပြမည့်အချိန်ရောက်ရှိလာလိမ့်မည်။- Garrad Bible ဤအကြောင်းအရာများကို ပုံဆောင်၍ငါဟောခဲ့ပြီ။ ပုံမဆောင်ဘဲ ခမည်းတော့်အကြောင်းကို အတည့်အလင်းငါကြားပြောမည့်အချိန်ကာလရောက်တော့မည်။ Judson Bible ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာများကို ပုံဥပမာအားဖြင့် သင်တို့အား ငါဟောပြောခဲ့သော်လည်း ပုံဥပမာအားဖြင့် မဟောပြောတော့ဘဲ ခမည်းတော်၏အကြောင်းကို သင်တို့အား အတိအလင်းငါဖော်ပြမည့်အချိန်ကာလရောက်လာတော့မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။ မြန်မာ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။- |
ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
ငါက``အရှင်ထာဝရဘုရားကျွန်တော်မျိုး သည်စကားထာများသာပြောဆိုနေခြင်း ဖြစ်သည်ဟု လူအပေါင်းတို့ပြောဆိုနေ ကြပါသည်'' ဟုလျှောက်ထား၏။
ကိုယ်တော်က ``သင်တို့သည်ဤပုံဥပမာကိုမျှ နားမလည်ကြလျှင် အဘယ်ပုံဥပမာကိုနား လည်နိုင်ကြမည်နည်း။-
ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။
``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-