Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 20:49 - Common Language Bible

49 ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 ငါ က၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ပုံ ဆောင် တတ် သူ တည်း ဟု၊ အ ကျွန်ုပ် အား ရည် လျက် ဆို လေ့ ရှိ ကြ သည် တ ကား ဟူ၍ ပြန် လျှောက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ထိုအခါ ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ သူ​တို့​က အကျွန်ုပ်​အား ‘​ဤ​သူ​သည် ပုံဥပမာ ပြော​နေ​ပါ​သည်​’​ဟူ၍ ဆို​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 20:49
10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-


ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-


ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ ``ကြေး​အိုး​ကို​မီး​ဖို​ပေါ်​တွင်​တင်​၍​ရေ​ထည့် ပြီး​လျှင်


ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-


သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။


``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-


``ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဥ​ပ​မာ​တင်​စား ၍​ငါ​ပြော​ခဲ့​၏။ ဤ​သို့​ဥ​ပ​မာ​မ​တင်​စား​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို​ပွင့်​လင်း​စွာ ငါ ဖော်​ပြ​မည့်​အ​ချိန်​ရောက်​ရှိ​လာ​လိမ့်​မည်။-


ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ