သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
ရှင်ယောဟန် 15:20 - Common Language Bible ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။- Garrad Bible ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။ Judson Bible ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။ မြန်မာ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- |
သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။-
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
ဤသို့ကိုယ်တော်၏အကြောင်းကိုလူတို့တီး တိုးပြောဆိုနေကြသည်ကိုဖာရိရှဲများ ကြားကြ၏။ သို့ဖြစ်၍သူတို့နှင့်ယဇ်ပုရော ဟိတ်ကြီးများသည် ကိုယ်တော်ကိုဖမ်းဆီး ရန်အစောင့်တပ်သားအချို့ကိုစေလွှတ် လိုက်ကြ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
လက်ဖြင့်ပင်ပန်းကြီးစွာလုပ်ဆောင်ကြရ၏။ ငါတို့သည်ကျိန်ဆဲခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှင်းဆဲခြင်းခံရသော အခါသည်းခံကြ၏။-
ငါတို့မှာရန်သူအမြောက်အမြားပင်ရှိ သော်လည်းမိတ်ဆွေကင်းမဲ့သည်ဟူ၍မရှိ။ လဲအောင်အထိုးခံရသော်လည်းမသေကြ။-
ယုဒအမျိုးသားတို့သည်သခင်ယေရှုနှင့် ပရောဖက်တို့ကိုသတ်ဖြတ်၍ငါတို့ကိုညှဉ်း ဆဲသူများ၊ ဘုရားသခင်နှစ်သက်တော်မမူ သောသူများ၊ လူအပေါင်းတို့၏ရန်သူများ ဖြစ်ကြ၏။-
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်းနှိပ်စက် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။-
ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-