ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
ရှင်ယောဟန် 14:1 - Common Language Bible သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။- Garrad Bible သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။ Judson Bible တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ မြန်မာ တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- |
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။-
``ငါသည်စိတ်ဒုက္ခရောက်လျက်ရှိ၏။ ငါအဘယ် သို့မြွက်ဆိုရအံ့နည်း။ `အို ခမည်းတော်၊ အကျွန်ုပ် အားဤဒုက္ခဝေဒနာရောက်ချိန်နှင့်ကင်းလွတ် စေတော်မူပါ' ဟုမြွက်ဆိုရမည်လော။ သို့ရာ တွင်ငါသည်ဤဒုက္ခဝေဒနာခံဖို့ရန်ရောက်ရှိ လာခြင်းဖြစ်၏။-
သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။-
ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။-
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-
ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။-
သခင်ဘုရားကြွလာတော်မူရာနေ့ကျ ရောက်ပြီဖြစ်ကြောင်းလူတို့ပြောဆိုသည် ကိုကြားရသောအခါ သင်တို့သည်ရုတ်တရက် စိတ်ရှုပ်ထွေးကာမတည်မငြိမ်မဖြစ်ကြနှင့်။ ဤသို့ပြောဆိုခြင်းသည်ငါတို့ပရောဖက် ပြုခြင်းအားဖြင့်ပြောသောစကားဟူ၍ ဖြစ်စေ၊ ငါတို့တရားဟောရာတွင်ပြောသော စကားဟူ၍ဖြစ်စေ၊ ငါတို့စာတွင်ပါရှိ သည့်စကားဟူ၍ဖြစ်စေလူတို့ထင် ကောင်းထင်ကြပေလိမ့်မည်။-
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။