သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 13:31 - Common Language Bible ယုဒထွက်သွားပြီးနောက်သခင်ယေရှုက ``ယခု လူသားသည်ဘုန်းအသရေထွန်းတော်မူလေ ပြီ၊ ဘုရားသခင်သည်လည်းလူသားအားဖြင့် ဘုန်းအသရေထွန်းတောက်တော်မူပြီ။- Garrad Bible ထိုသူထွက်သွားပြီးနောက် ယေရှုက လူ့သားသည်ယခုဘုန်းထင်ရှားလေပြီ။ ဘုရားသခင်လည်း လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားလေပြီ။ Judson Bible ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယုဒထွက်သွားပြီးနောက် ယေရှုက“ယခုအခါ လူ့သားကို ဘုန်းတော်ထင်ရှားစေတော်မူပြီ။ ဘုရားသခင်သည်လည်း လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒထွက်သွားပြီးနောက် ယေရှုက “လူသားသည် ဘုန်းတော်ထင်ရှားမည့် အချိန် ယခုကျရောက်ပြီ။ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလိမ့်မည်။ မြန်မာ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။- |
သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
ဤသို့ပြုတော်မူခြင်းမှာခရစ်တော်ယေရှုအားဖြင့် ငါတို့အားမေတ္တာပြတော်မူရာ၌ကိုယ်တော်၏ ကျေးဇူးတော်သည်သာမန်ထက်လွန်ကဲသည်ကို နောင်ကာလအစဉ်အဆက်လူတို့သိမြင်နိုင် ကြစေရန်ပင်ဖြစ်သည်။-
ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-
ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။