မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
ရှင်ယောဟန် 13:26 - Common Language Bible သခင်ယေရှုက ``ဤမုန့်တစ်ဖဲ့ကိုဟင်းပန်း ကန်တွင်နှစ်၍ငါပေးသူသည်ထိုသူပင်ဖြစ် ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်မုန့်တစ်ဖဲ့ကို ဟင်းပန်းကန်တွင်နှစ်ပြီးလျှင် ရှိမုန်ရှကာရုတ် ၏သားယုဒအားပေးတော်မူ၏။- Garrad Bible တစ်လုပ်စာနှစ်၍ ငါပေးမည့်သူဖြစ်သည်ဟုမိန့်တော်မူလျက် ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုပေးတော်မူ၏။ Judson Bible ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤမုန့်တစ်ဖဲ့ကို ပန်းကန်တွင် ငါနှစ်၍ ပေးမည့်သူသည် ထိုသူဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှုသည် မုန့်တစ်ဖဲ့ကို ပန်းကန်တွင် နှစ်၍ ရှိမုန်ရှကာရုတ်၏သား ယုဒအား ပေးတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- |
မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
ယုဒရှကာရုတ်သည်မုန့်တစ်ဖဲ့ကိုခံယူ ပြီးလျှင်ချက်ချင်းထွက်ခွာသွားလေသည်။ ထိုအချိန်ကားညအချိန်ဖြစ်သတည်း။