မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
ရှင်ယောဟန် 12:8 - Common Language Bible ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible သူဆင်းရဲများသည် သင်တို့နှင့်အစဉ်ရှိသည်။ ငါမူကား သင်တို့နှင့်အစဉ်နေသည်မဟုတ်ဟု မိန့်တော်မူ၏။ Judson Bible ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့တွင်အစဉ်ရှိကြ၏။ ငါမူကား သင်တို့တွင်အစဉ်ရှိသည်မဟုတ်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။ |
မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။-
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။''