လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
ရှင်ယောဟန် 12:6 - Common Language Bible ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။ Garrad Bible ထိုသို့ဆိုသည်မှာ သူဆင်းရဲများကိုဂရုပြုသောကြောင့်မဟုတ်။ ငွေအိတ်လွယ်သူဖြစ်၍ ထည့်သွင်းငွေကိုယူတတ်သော သူခိုးဖြစ်သောကြောင့်တည်း။ Judson Bible ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။ မြန်မာ ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။- |
လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။
ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။-
ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
ငါတို့သည်ဆင်းရဲသူတို့ကိုသတိရ ကူညီမစရန်သူတို့အလိုရှိ၏။ ထိုသို့ ဆောင်ရွက်ရန်ငါလည်းစိတ်စေတနာ ထက်သန်၏။
အကယ်၍သင်တို့စည်းဝေးရာသို့ဝင်လာ သောလူနှစ်ယောက်အနက် လူတစ်ယောက်က ရွှေလက်စွပ်နှင့်ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ အခြားတစ်ယောက်ကမူ ဆင်းရဲနွမ်းပါးသူဖြစ်သဖြင့် စုတ်ပြတ် သောအဝတ်ကိုဝတ်ဆင်ထားသည်ဆိုအံ့။-
သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-