ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ရှင်ယောဟန် 12:17 - Common Language Bible လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။ Garrad Bible လာဇရုကို သင်္ချိုင်းဂူမှခေါ်လျက် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသည့်ကာလ၊ နောက်တော်ပါလူပရိသတ်သည် ထိုအကြောင်းကိုသက်သေခံကြသည့်ပြင်၊ Judson Bible နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လာဇရုကို သင်္ချိုင်းမှ ခေါ်ထုတ်၍ သေရာမှ ပြန်ရှင်စေတော်မူသည်ကို တွေ့မြင်ခဲ့သောလူတို့သည် ထိုအကြောင်းကို အခြားသူတို့အား ပြောပြကြ၏။ မြန်မာ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- |
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။-
ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-
(ဤအဖြစ်အပျက်ကိုသင်တို့သည်လည်းယုံ ကြည်ကြစေရန်မျက်မြင်သက်သေတစ်ဦး ကဖော်ပြပါ၏။ ထိုသူ၏ဖော်ပြချက်သည် မှန်ကန်ပါ၏။ ထိုသူကိုယ်တိုင်ပင်မိမိစကား မှန်ကန်ကြောင်းကိုသိပါ၏။)-
ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။
ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
ယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ် တော်နှင့် ယေရှုခရစ်ဖော်ပြတော်မူသည့် သမ္မာတရားကို မိမိတွေ့မြင်ကြားသိရသည် အတိုင်းဤစာစောင်တွင်ရေးသားထားပေ သည်။-