မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
ရှင်ယောဟန် 11:48 - Common Language Bible သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။ Garrad Bible ထိုသို့နေစေလျှင် သူ့ကိုလူခပ်သိမ်းယုံကြည်ကြလိမ့်မည်။ ရောမလူမျိုးတို့လည်းလာ၍ ငါတို့တိုင်းပြည်နှင့်လူမျိုးကို တိုက်သိမ်းကြလိမ့်မည်ဟု ဆိုကြရာ၌၊ Judson Bible သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။ မြန်မာ သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- |
မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
`လမ်းမကြီးများသို့သွား၍သင်တို့တွေ့ရှိသမျှ သောသူတို့ကိုခေါ်ဖိတ်ကြလော့' ဟုမိန့်တော်မူ၏။-
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။-
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။