တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
ရှင်ယောဟန် 11:22 - Common Language Bible ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။ Garrad Bible ယခုလည်း ဘုရားသခင့်ထံကိုယ်တော်တောင်းလျှောက်သမျှအတိုင်း ဘုရားသခင်သနားတော်မူမည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်သော်၊ Judson Bible ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့ကို ကိုယ်တော်အား ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း ယခုလည်း ကျွန်မသိပါ၏”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခုလည်း သခင်တောင်းလျှောက်လျှင် တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါ၏” ဟု လျှောက်လေ၏။ မြန်မာ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- |
တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-