မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
ရှင်ယောဟန် 1:47 - Common Language Bible နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။ Garrad Bible ပရိယာယ်ကင်းသော ဣသရေလအမျိုးသားစစ်တည်းဟု မိန့်တော်မူ၏။ Judson Bible နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။ မြန်မာ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။- |
မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများ ဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။-
ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
သို့ဖြစ်၍သင်တို့သည်မကောင်းမှုအမျိုးမျိုး နှင့်လှည့်ဖြားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ဆဲရေးတိုင်းထွာမှုတို့ကိုပယ်ရှားကြလော့။-
သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။