ရှင်ယောဟန် 1:1 - Common Language Bible ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။- Garrad Bible အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။ Judson Bible အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ မြန်မာ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- |
အရှင်မင်းကြီးအားဘုရားသခင် ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
အို အဖ၊ ဤကမ္ဘာမပေါ်မတည်မီကကိုယ်တော် နှင့်အတူအကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းအသ ရေကို ယခုအခါ၌ရှေ့တော်တွင်အကျွန်ုပ်အား ပေးတော်မူပါ။''
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ဘုရားသခင်၏နက်နဲသောအကြံအစည် တော်သည်အဘယ်သို့အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းတို့အားရှင်းလင်း ဖော်ပြရန်အခွင့်ထူးကိုငါ့အားပေးသနား တော်မူ၏။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူသောဘုရားသခင်သည် ရှေးကာလ အဆက်ဆက်ကထိုအကြံအစည်တော် ကိုကွယ်ဝှက်၍ထားတော်မူခဲ့၏။-
ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
ခရစ်တော်သည်မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သားဦးဖြစ်သဖြင့်အဖန် ဆင်းခံအရာအပေါင်းတို့ထက်ကြီးမြတ် တော်မူပေသည်။-
ခရစ်တော်သည်ခပ်သိမ်းသောအရာတို့မပေါ် ပေါက်မီကပင်ရှိနေတော်မူ၏။ ခပ်သိမ်းသော အရာတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်စနစ်တကျတည် လျက်ရှိ၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။-
သူ၏မိဘဘိုးဘေးတို့အကြောင်းမှတ်တမ်း ကိုလည်းကောင်း၊ သူမွေးဖွားသည့်အကြောင်း နှင့်ကွယ်လွန်သည့်အကြောင်းမှတ်တမ်းတို့ကို လည်းကောင်းမတွေ့ရှိရပေ။ သူသည်ဘုရား သခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ် အရာကိုထာဝစဉ်ရရှိထားသူဖြစ်သတည်း။
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-
ယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ် တော်နှင့် ယေရှုခရစ်ဖော်ပြတော်မူသည့် သမ္မာတရားကို မိမိတွေ့မြင်ကြားသိရသည် အတိုင်းဤစာစောင်တွင်ရေးသားထားပေ သည်။-
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအရှင်သည်သွေးတွင်နှစ်သည့်အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမတော်မှာ``ဘုရား သခင်၏နှုတ်ကပတ်တော်'' ဟူ၍ဖြစ်၏။-
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-