ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
ရှင်မာကု 9:22 - Common Language Bible နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။ Garrad Bible ငယ် ရွယ် က ပင် ဖြစ် ပါ သည်။ သူ ငယ် ကို မီး တွင် လည်း ကောင်း၊ ရေ တွင် လည်း ကောင်း၊ ဖျက် ဆီး အံ့ သော ငှာ ကြိမ် ဖန် များ စွာ ပစ် ချ ပါ သည်။ ဆ ရာ သည် တစ် စုံ တစ် ရာ တတ် နိုင် လျှင် ကျွန် တော် တို့ ကို သ နား၍ မ စ တော် မူ ပါ ဟု ပြန် လျှောက် ရာ၊ Judson Bible သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း နတ်သည် သူ့ကိုသေစေရန် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏပစ်ချတတ်ပါ၏။ သို့သော် ကိုယ်တော်တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကိုသနား၍ ကူညီမစတော်မူပါ”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနတ်သည် သူငယ်ကို သေစေရန် မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေ မကြာခဏပစ်ချတတ်ပါ၏။ ဆရာတော်သည် တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။ မြန်မာ သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- |
ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။-
သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။
ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။
ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။-
သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-