ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
ရှင်မာကု 7:3 - Common Language Bible (ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။- Garrad Bible ဖာ ရိ ရှဲ တို့ မှ စ၍ ယု ဒ လူ အ ပေါင်း တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို စွဲ မြဲ လျက် စင် ကြယ် စွာ လက် မ ဆေး ဘဲ စား လေ့ မ ရှိ။ Judson Bible အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- မြန်မာ့စံမီသမ္မာကျမ်း (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း (ဖာရိရှဲများမှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ ဓလေ့ထုံးတမ်းကို စောင့်ထိန်းသောအားဖြင့် လက်ကို ကျင့်ထုံးအတိုင်း မဆေးကြောဘဲ အစာစားလေ့မရှိကြ။ မြန်မာ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- |
ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
ကိုယ်တော်သည်ထိုသူ၏အိမ်သို့ကြွ၍စားပွဲ တွင်ထိုင်တော်မူ၏။ ဤသို့အစားအစာမသုံး ဆောင်မီကိုယ်တော်သည်ဆေးကြောခြင်းပြု တော်မမူသည်ကိုထိုဖာရိရှဲမြင်သောအခါ အံ့သြလေ၏။-
ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။-
ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။
ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-