ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
ရှင်မာကု 5:4 - Common Language Bible သူ့အားကြိမ်ဖန်များစွာသံကြိုးများဖြင့်ချည် နှောင်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေထိတ် များခတ်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေ ထိတ်များသာပြတ်သွားခဲ့၏။ မည်သူမျှသူ့အား နှိမ်နင်း၍မရ။- Judson Bible ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သူ့ကို ခြေချင်းနှင့်သံကြိုးတို့ဖြင့် အကြိမ်ကြိမ်ချည်နှောင်ခဲ့ကြသော်လည်း သူသည် သံကြိုးများကိုဆွဲဖြတ်ကာ ခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ကြချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သူသည် သံခြေချင်းများ၊ သံကြိုးများဖြင့် မကြာခဏ ချည်နှောင်ထားခြင်းခံရသော်လည်း သံကြိုးကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းရိုက်ဖျက်တတ်သောကြောင့် ဖြစ်၏။ မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ပေ။ မြန်မာ ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။- |
ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။-
သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။