ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
ရှင်မာကု 4:8 - Common Language Bible အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။ Garrad Bible အ ချို့ မူ ကား မြေ ကောင်း ရာ တွင် ကျ၍ ကြီး ပွား တိုး တက် လျက် အ သီး သီး သ ဖြင့် အ ဆ သုံး ဆယ်၊ အ ဆ ခြောက် ဆယ်၊ အ ဆ တစ် ရာ ထွက်၏။ Judson Bible အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးထွားကာ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးလေ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ မြန်မာ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- |
ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။
အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။
မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
ကိုယ်တော်သည်ဤအဆောက်အအုံတစ်ခုကို တည်မြဲခိုင်ခံ့ကြီးပွားတိုးတက်စေသဖြင့် ယင်းသည်သခင်ဘုရားအားဆက်ကပ်ထား သောဗိမာန်တော်ဖြစ်လာလေသည်။-
ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
သင်တို့သည်ဘုရားသခင်၏ကျေးဇူးတော် အကြောင်းကိုကြားရပြီးသည့်နေ့မှစ၍ ထို ကျေးဇူးတော်ကိုအမှန်သိမြင်ခံစားရကြ သည်နှင့်အမျှသတင်းကောင်းသည် သင်တို့ ထံသို့ပျံ့နှံ့၍လာပေသည်။ ထိုနည်းတူစွာ သတင်းကောင်းသည်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ ကောင်းချီးမင်္ဂလာများခံစားစေ လျက်ရှိပေသည်။-